Friday, August 17, 2012

iOS To PC File Transfer Client That Lets You Export App IPAs

ပုံမှန်အားဖြင့် ကျွန်တော်တို့တွေ iPhone, iPad or iPod Touch တို့ကို PC ရှိ iTunes နှင့် ချိတ်ဆက်ပြီး သီချင်းများ၊ ရုပ်ရှင်များ၊ ဓာတ်ပုံများ အစရှိသဖြင့် sync ပြုလုပ်လေ့ရှိကြပါတယ်။ အခုမှ iOS Devices များနှင့် စတင်ရင်းနှီးတဲ့ သူတွေအတွက် iTunes ကို အသုံးပြုရတာ အဆင်မပြေမှု့များစွာ ရှိပါတယ်။ တချို့တွေကတော့ 91mobile App, iFun Box အစရှိတာတွေကို အသုံးပြုကြပါတရ်။ ကျွန်တော်ကတော့ ယခုဖော်ပြပေးမည့် Syncios ကို ပိုပြီး သဘောကြပါတယ်။
Syncios ဆိုသည့် Free App: လေးကတော့ iTunes လိုမျိုး စွမ်းဆောင်နိုင်ပြီး ရိုးရှင်သော UI ဖြင့် လွယ်ကူစွာ အသုံးပြုနိုင်သည့် Software ကောင်းတစ်ခု ဖြစ်ပါသည်။ Windows XP, Windows Vista and Windows 7 တို့မှာ အသုံးပြုနိုင်မည်ဖြစ်ပြီး ဖိုင်ဆိုဒ် 3.92 MB ပဲ ရှိပါသည်။ Syncios ကို အသုံးပြုမည့် PC မှာ iTunes latest version ကိုတော့ ထည့်သွင်းထားရမည်ဖြစ်သည်။ 
Download: Syncios





ပထမဦးဆုံး မိမိ iDevices နှင့် PC ရှိ Syncios ကို ချိတ်ဆက်လိုက်ပြီဆိုလျှင် iDevice ရဲ့  Device Name, Capacity, Version, Serial Number တို့ကို ဖော်ပြပေးသည့် အပြင် မိမိ iDevice ဟာ Jailbreak လုပ်ထားလား မလုပ်ထားလား ဆိုတာက အစ ဖော်ပြပေးပါသည်။

Photobucket
 ဘယ်ဘက်ရှိ Application တွင် iDevice တွင် ထည့်သွင်းထားသည့် Application များကို ဖော်ပြပေးမှာ ဖြစ်ပါတယ်။ ထို့နောက် App: တွေကို Manage ပြုလုပ်ရန်အတွက် Installed Application ကို Click နှိပ်လိုက်ပါက မိမိ iDevice ရှိ Application များကို မြင်တွေ့ရမှာ ဖြစ်ပါသည်။
iDevice ကနေ Download ပြုလုပ်ထားသည့် App: များ (သို့) မိမိဝယ်ယူစဉ်က ဆိုင်က ထည့်သွင်းပေးလိုက်သည့် App: များကို မိမိ PC မှာ Backup ယူထားခြင်တယ်ဆိုလျှင် ပုံမှာ ပြထားသည့်အတိုင်း မိမိ Backup ပြုလုပ်လိုသည့် App: ကို အမှန်ခြစ်ပေးပြီး Menu Bar ရှိ Backup ကို နှိပ်၍လည်ကောင်း (သို့) Uninstall Icon ဘေးရှိ Icon ကို Click နှိပ်ပြီး မိမိသိမ်းလိုသည့် လမ်းကြောင်းကို ရွေးချယ်ပေးပြီး သိမ်းနိုင်ပါသည်။ IPA files ဖြင့် သိမ်းပေးမှာ ဖြစ်သည့် အတွက် အချိန်မရွေး Install ပြန်ပြုလုပ်ရာတွင် လွယ်ကူစေပါတယ်။

Photobucket

iDevice ထဲသို့ PC ကနေ App: များထပ်မံ ထည့်သွင်းလိုလျှင် Install Local App: ကို Click နှိပ်ပြီး လွယ်ကူစွာ သွင်းနိုင်ပါသည်။
ယခုလောက်လိုလျှင် ကျန်သည့် Music , Ebook, Photo အစရှိသည်တို့ကိုလည်း Backup ယူခြင်း၊ Delete လုပ်ခြင်း၊ ထပ်မံထည့်သွင်းခြင်းများကို လွယ်ကူစွာ ပြုလုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။
Transfer iPad Photos
ဓာတ်ပုံတွေ ထည့်သွင်းမယ်ဆိုလျှင်တော့ JPG, JPEG, PNG, BMP, TIF, TIFF Format တွေကို Supported ပြုလုပ်ပါသည်။
Movie တွေ ထည့်သွင်းမယ်ဆိုလျှင်တော့ MOV, M4V, MP4 Format တွေကို Supported ပြုလုပ်ပါသည်။
Manage iPad eBooks
Ebook တွေ ထည့်သွင်းမယ်ဆိုလျှင်တော့ ePub, PDF Format တွေကို Supported ပြုလုပ်ပါသည်။
 Share :  http://www.m51a.com/

No comments:

Post a Comment