Wednesday, June 20, 2012

How to Remove Flame Virus ???

လွန်ခဲ့တဲ့ ရက်ပိုင်းကပဲ CNET နဲ့ Microsoft တို့က Flame Virus နဲ့ ပတ်သက်ပြီး လုံခြုံရေးဆိုင်ရာ အကြံပေးများနှင့် ဆွေးနွေးတိုင်ပင်ခြင်း ကိစ္စရပ်တွေ ဆောင်ရွက်သွားခဲ့ပါတယ်။ အဓိကကတော့ Microsoft ၏ လုံခြုံရေးအထောက်အထား အတုများကိုအသုံးပြု၍ တိုက်ခိုက်တယ်လို့ ဆိုပါတယ်။ ဒီFlame Virus ဟာ အထူးသဖြင့် အရှေ့-အလယ်ပိုင်းဒေသတွေမှာ အဓိက ကူးစက်ပြန့်ပွားနေပါတယ်။ Microsoft ရဲ့ Terminal Server ကိုဝင်ရောက်ဖို့အတွက် အထောက်အထားအတုများကို အသုံးပြုခဲ့ခြင်း ဖြစ်ပြီးတော့ ၄င်း Certificate ပေါ်မှာပဲ ကုမ္မဏီရဲ့ တရားဝင်အထောက်အထားအတိုင်း ကုမ္မဏီအမှတ်တံဆိပ် ရေးထိုးထားတယ်လို့တောင် ဆိုပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့အဖွဲ့အစည်း ၊ နိုင်ငံတစ်နိုင်ငံရဲ့ခိုင်းစေမှုကြောင့် ဒီ Flame Virus ထွက်ပေါ်လာတယ်လို့လဲ ပညာရှင်တွေက သုံးသပ်ကြပါတယ်။ ကုမ္မဏီတစ်ခုလုံးရဲ့ Data တွေကို ခိုးယူနိုင်စွမ်းရှိပါတယ်။
ဒီ Flame Virus ကို ကာကွယ်နိုင်ဖို့အတွက် Microsoft က Terminal Server Licensing Service ကို Disable လုပ်ထားသင့်ကြောင်း ကုမ္မဏီမှ ပြောကြားခဲ့ပါတယ်။
နောက် သူရဲ့ Windows User များအတွက် Update Patch တစ်ခုထုပ်ထားပေးပါတယ်။ အကယ်၍ Windows Update ကို Automatic Update နဲ့ Enable လုပ်ထားမယ်၊ အွန်လိုင်းလည်း ချိတ်ဆက်ထားမယ်ဆိုရင် အလိုအလျှောက် Install လုပ်သွားပါလိမ့်မယ်။ ကျွန်တော်တို့လို Windows ကို ခိုးသုံးတဲ့ လူတွေအတွက်ကျ Windows Update ကို မဖွင့်ရဲဘူးဗျ။ ပိတ်ထားရတယ်။ အဲဒါဆိုရင်တော့ KB2718704 Patch ဆိုတဲ့ Patchအသစ်ကို Install လုပ်ရပါမယ်။
နောက်တစ်ခုအနေနဲ့ကတော့ အောက်မှာ ကျွန်တော်တင်ပေးထားတဲ့ Flame Virus Removal Tools ကို Download လုပ်ထားသင့်ပါတယ်။ Bitdefender ကထုတ်ထားတာလေးပါ။ File Size ကတော့ 12.9MB ရှိပါတယ်။ 32 Bits နဲ့ 64 Bits အတွက် နှစ်ခုစလုံး ကျွန်တော်ထည့်ထားပေးပါတယ်။ Kaspersky ကတော့ သူရဲ့ software ကို ပုံမှန် update လုပ်နေမယ်ဆိုရင် ဒီ Flame Virus ကို ကာကွယ်နိုင်ပါတယ်လို့ ဆိုပါတယ်။
Download Links
RAR Password  -  thura 
Flame Virus နဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံ လေ့လာချင်တယ်ဆိုရင်တော့ Kaspersky Lab က Aleks နဲ့ အမေးအဖြေလေးတွေကို ဒီမှာ လေ့လာကြည့်နိုင်ပါတယ်။

No comments:

Post a Comment