Wednesday, June 20, 2012

Step 1:Fixed Memory Cache in Firefox

1.Type about:config in the Firefox address bar.
2.filter ဆိုတဲ့ box လေးမှာ browser.cache.memory.enable ဆိုတာလေးကိုရိုက်ရှာပြီးတော့
vale ကို ၂ချက်ကလစ်ပြီး true ပြောင်းပေးပါ.

3.about.config ကိုရိုက်ထားပြီးတော့ ညာဘက်က လွတ်နေတဲ့ နေရာ တခုခုမှာ Right click လုပ်ပြီး
New Integer ခေါ်လိုက်ပါ.အဲ့ထဲမှာတော့ browser.cache.memory.capacity ဆိုတာကိုရိုက်ပါ
vale ကိုတော့  8192 ထားပြီး အိုကေပေးလိုက်ပါ.
( ဒီတန်ဖိုးကိုဘယ်လိုတွက်လဲဆိုရင် ကိုယ့်စက်မှာ ရှိနေတဲ့ RAM ကိုကြည့်ပြီးတော့တွက်ပါတယ်.ကိုယ့်စက်မှာ
RAM 256MB ဆိုရင် 4096 ထားပါမယ်.RAM 512 ဆိုရင် 8192 value ထားပါတယ်.ကျနော်ဆို RAM4G
တပ်ဆင်ထားတဲ့အတွက် Value တန်ဖိုးကို 65536 ထားရပါတယ်.)


 

Step 2.Release Memory when you minimize Firefox

1.Type about:config ကို Firefox address bar မှာရိုက်ပါမယ်.
2.Right click လုပ်ပြီး New ကနေ Boolean လေးတခု ခေါ်လိုက်ပါ.
3.အဲ့ထဲမှာတော့ config.trim_on_minimize ဆိုတာလေးကိုရိုက်ထည့်ပြီး vale ကို true လုပ်ပြီး အိုကေပေးလိုက်ပါ.
(ဒါဆိုရင် ကျနော်တို့ firefox လေးကို taskbar ပေါ် minimize လေးလုပ်ထားတဲ့အချိန်မှာ memory usage ကို လျော့ချပေးပါလေ့မယ်)

Step3.Reduce the Browsers Session History

ကျနော်တို့ လက်ရှိ default သုံးနေတဲ့ Firefox က websites ၅၀ခုကို အော်တို save ပေးနိုင်ပါတယ်.
ဘယ်လိုမျိုးလဲဆိုရင် ကျနော်တို့tab တခုထဲကနေ website link ၅၀ လောက်ကို တခုချင်း ကလစ်ပြီး
ကြည့်မယ်.အားလုံးပြီးသွားရင် ဟိုးစစချင်းကြည့်ခဲ့တဲ့ link နံပတ် ၁ကိုback လုပ်ပြီး ပြန်သွားလို့ရတယ်.
ဒီလို သိမ်းပေးအောင်လုပ်ထားတာလဲ memory ကို cache ဖြစ်စေပါတယ်.အဲ့လောက်ကြီးလဲ ကျနော်တို့
လင့် ၅၀ လောက်ကိုမဖွင့်တဲ့အတွက် ကိုယ်သုံးသလောက်လေး ပြင်ပေးလိုက်ရင် ရပါတယ်.ကျနော် ဆို ၅၀
ကို ၁ဝလောက်ပဲ ထားပြီး memoryကိုသိပ်မသုံးအောင် လျော့ချထားပါတယ်.ကဲဘယ်လို လျော့ချမလဲဆိုရင်
type about:config ကို address bar မှာ ရိုက်မယ်ပြီးရင်
filter မှာ browser.sessionhistory.max_entries ဆိုရိုက်ပြီး enter ခေါက်လိုက်ပါ
ပုံထဲမှာ ပြထားသလို ၅၀ ဆိုတာကို ၂ချက်ကလစ်ပြီး ၁ဝလို့ပြောင်းပေးလိုက်ပါ.ဒါဆိုရင် ရပါပြီ.

Step 4.Do not Accumulate Download History

ဒီအဆင့်က ဘာကိုပြောတာလဲ ဆိုရင် ကျနော်တို့ firefox နဲ့ဒေါင်းလုပ် လုပ်ထားတာကို စုထား
တာကို ပြောတာပါ.ကျနော်တို့တွက် မလိုအပ်တဲ့အတွက်ဒါကိုဖြုတ်ပစ်ရပါမယ်.ဒါဆို Tool>
Option> Privacy ထိရောက်အောင်သွားပါ.ပြီးရင် remember what i have downloaded
ဆိုတာလေးက အမှတ်ခြစ်လေးကိုဖြုတ်ပေးလိုက်ပါ.အောက်ကပုံလေးကိုကြည့်ပါ.
ကျနော်ပြထားတဲ့ပုံလေး ကိုကြည့်ရင် သဘောပေါက်မှာပါ.


Step 6.Speed Up Page Display Time

type about:config ကိုရိုက်ပါ ပြီးရင် ညာဘက်က လွတ်နေတဲ့ နေရာလေး တခုမှာ  new ကနေ
Integer လေးကိုခေါ်လိုက်ပါ ပြီးရင် အဲ့ထဲမှာnglayout.initialpaint.delay ဆိုတာလေးက
ိုရိုက်ထည့်ပါ.တန်ဖိုး value ကိုတော့ o လို့ ထားလိုက်ပါ.ပုံကိုကြည့်ပါ.

Step 7.Avoid Add Ons

မလိုအပ်တဲ့ add ons တွေကို disable or uninstall လုပ်ပစ်ပါမယ်.မလိုပဲ Install လုပ်ထားရင်လဲ
firefox ကို လေးစေတဲ့ အကြောင်းတခုပါပဲကိုယ်သုံးနေတဲ့ firefox ထဲ က add on ကိုစစ်ပေးပါ မလို
တာကို ဖြုတ်ပစ်ပါ.ဒီလောက်ဆို firefox ခဏခဏ crash ဖြစ်နေတဲ့ Users များတွက် အဆင်ပြေပါ
လေ့မယ်.မဖြစ်တဲ့သူများလဲ firefox ကို speed တင်ချင်တယ်ဆိုရင်ခုကျနော်လုပ်ထားတဲ့ နည်းလမ်းတွေနဲ့
speed up နိုင်ပါတယ်.နောက်တခု firefox အတွက် အသုံးဝင်မယ့် လင့်တချို့ကိုရွေးချယ်ပေးလိုက်ပါမယ်.

Firefox users များအတွက်အသုံးဝင်တဲ့ လင့်လေးတစ်ချို့ပါ။

1.Mozzila ကိုသုံးရင် virus ရှိတဲ့လင့်တွေကို အလွယ်တကူရှောင်ချင်တယ် ဆိုရင် WOT လေးကိုသုံးပါ
(ကျနော် လဲသုံးစေချင်ပါတယ် ကျနော်တို့အလွယ်တကယ်မမြင်နိုင်တဲ့ Virus ရှိမယ့်ဆိုဒ်တွေကို သူက
အနီရောင်လေးနဲ့ ပြသပေးပါလေ့မယ်)
https://addons.mozilla.org/en-US/firefox/addon/wot-safe-browsing-tool/

2.Language support အတွက်ကိုတော့ page တွေကိုတိုက်ရိုက်ဘာသာပြန်ပေးနိုင်တဲ့ gTranslator
လေးကိုသုံးသင့်ပါတယ်.ဘယ်ဘာသာနဲ့ရေးထားတဲ့ဆိုဒ်တွေကိုပဲဖြစ်ဖြစ် english လို အော်တိုပြောင်းခိုင်း
လို့ရပါတယ် (myanmar to eng ကိုတော့ ရသေးဘူးဗျ :) )
https://addons.mozilla.org/en-US/firefox/addon/gtranslator/

3.website တွေကိုကြည့်နေရင်း screenshot လေးရိုက်ထားချင်ရင်တော့  Awesome ကတော့
အကောင်းဆုံးပါ.သုံးလို့ကောင်းပါတယ်.ကိုယ်ကြည့်နေတဲ့ဝပ်ဆိုဒ်လေးကို page တခုလုံး အရှည်လိုက်
သူနဲ့ရိုက်လို့ရတယ် ပြီးရင် save ပြီးတော့ zoom လေးနဲ့ပြန်ဖတ်လို့ရတယ်လေ မြန်မာဆိုဒ်တွေကို ရိုက်ပြီးပြန်
ဖတ်ရင် အသုံးဝင်ပါလေ့မယ်.ဒါပေမယ် သူက ခု version 4.0 ကနေပဲ စပြီးအလုပ်လုပ်ပါလေ့မယ်.
https://addons.mozilla.org/en-US/firefox/addon/awesome-screenshot-capture-/

4.flashfox ဆိုတာက ကိုယ်ကြည့်နေတဲ့ဆိုဒ်လေးရဲ့ ဆာဗာ ကဘယ်နိုင်ငံကလဲ ဆိုတာကို address bar
မှာ ကြည့်လို့ရအောင်ပါ တခါလေတော့ အသုံးဝင်ပါလေ့မယ်.
https://addons.mozilla.org/en-US/firefox/addon/flagfox/

5.Turn off the light ဆိုတာလေးက ကိုယ်ကြည့်နေတဲ့ပုံလေး ဖြစ်ဖြစ် movie လေးတခုခုကိုဘေးက
အလင်းရောင်မပါပဲ ကြည့်လို့ရအောင် လုပ်ပေးထားတဲ့ add on
လေးပါ ကျနော်ကတော့ သဘောကျတယ် တခါတလေ ကျနော်စာဖတ်ရင် အလင်းအရမ်းစူးလို့ ဒီကောင်လေးကို
သုံးပြီးတော့ ဖတ်ရင် နဲနဲသက်သာပါတယ်.
https://addons.mozilla.org/en-US/firefox/addon/turn-off-the-lights/

ဒီပို့လေးကို Pdf လေးနဲ့လိုချင်ရင် အောက်မှာယူလိုက်ပါ
DOWNLOAD HERE

Share: http://kaunglaynge.net/






 


No comments:

Post a Comment